ဒီပဲယင်းမြို့ ၊ ကံပြားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၂၅ လုံး ပျက်စီးခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေရေးသားလျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၁၂ ရက်

Thursday, September 12, 2024 - 15:15

           စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနီးရှိ ကံပြားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း  သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်း မရှိသည့်  ဒေသခံပြည်သူများက ကံပြားရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေကြောင်း သတင်းပေးပို့ချက်အရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ထွက်ပြေး သွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          ယခုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် များကို အချိန်မီတားဆီးဆောင်ရွက်နိုင်ခဲ့သည်ကိုမလိုလားသည့် တရားမဝင် ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း  သတင်းရရှိသည်။