မင်းတပ်မြို့တွင်အမျိုးသား ၃ ဦးထက်မနည်းဖမ်းဆီးခံရဟု မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေ နေပြည်တော်၊ စက်တင်ဘာ ၁၁

Wednesday, September 11, 2024 - 16:15

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် အရပ်သား ၃ ဦး ထက်မနည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေလျှက်ရှိကြောင်းသိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် လှည့်ကင်း/ပတ်ကင်းများကို မင်းတပ်မြို့မှ တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ် ကြောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် ပြည်ဖျက်မီဒီယာများက မင်းတပ်မြို့အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။