စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့မှာ ဖမ်းဆီးခံရသော လူငယ်များကို ခိုလန်နှင့် နမ့်စန်မြို့များသို့ ပို့ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ​​​​​​​ နေပြည်တော် ၂၀၂၄ ခုနှစ်   စက်တင်ဘာလ ၉

Monday, September 9, 2024 - 17:30

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့၌ စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခံရသော လူငယ် များကို ခိုလန်နှင့် နမ့်စန်မြို့များသို့ ပို့ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားအား တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အဆိုပါမြို့များမှ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ စစ်မှုထမ်းဆောင်ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းနှင့်လှည့်ကင်းပတ်ကင်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက မြို့အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဓာတ်ပုံအဟောင်းများကို အသုံးပြု၍ အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။