ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုကြိုဆို နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ - ၅

Thursday, September 5, 2024 - 18:00

                ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာ များသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

                ထို့နောက် သက်ဆိုင်ရာသင်တန်းကျောင်းများမှ တာဝန်ရှိသူများက နိုင်ငံ့ သားကောင်းရတနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားများပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။