news

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်း တုန်းချောင်းကူးတံတားအား ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၇၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၁၂ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်(၄)မြို့တို့၌ ဒေသခံပြည်သူ ၃၇၄ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၉၆၉ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၁၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

NUG CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန် စွာ ပြန်လည်ကယ်တင်နိုင်

နေပြည်တော်၊ အောက်တိုဘာ - ၂၅

          NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာများမှ မတရား အနိုင်ကျင့် ဖမ်းဆီး ချုပ်နှောင် ထားသော အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ ၊ မြောက်ယမားဆည်အနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းအတွင်းမှ ကောင်းမွန်စွာ ပြန်လည် ကယ်တင် နိုင်ခဲ့ကြောင်းသိရှိရသည်။

          ဖြစ်စဉ်မှာ  ဂန့်ဂေါမြို့နယ်အနီး နယ်မြေခံတပ်ရင်းမှ အရာရှိဇနီးတစ်ဦးသည် အောက်တိုဘာလ ၁၂ ရက်တွင်မုံရွာမှကျောမြို့သို့ လိုက်ပါလာစဉ် ကန်ဒေါင့်ကျေးရွာ အနီးတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရ သဖြင့် ခင်ပွန်း၊မိဘများနှင့်အဆက်သွယ်ပြတ်တောက်ခဲ့သည်။ ထိုသို့အဆက်သွယ် ပြတ်တောက်မှုကြောင့် အရာရှိဖြစ်သူအနေဖြင့် သက်ဆိုင်ရာ အထက်ဌာနသို့ တင်ပြခဲ့ ရာ နယ်မြေအတွင်း အမာခံသတင်းပေးများဖြင့် နယ်မြေသတင်းများကို စနစ်တကျ စုဆောင်းဖော်ထုတ်ခဲ့စဉ် နောက်ဆုံးဆက်သွယ်မှုရရှိသည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ရွှေလှန်ကျေးရွာတစ် ဝိုက်တွင် ဖမ်းဆီးချုပ်နှောင်ထားနိုင် ကြောင်းသုံးသပ်ပြီး  အောက်တိုဘာလ ၁၉ ရက် နှင့်၂၀ ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့ ဖြင့် ရင်ပေါင်တိုင်နှင့် ရွှေလှန် ကျေးရွာတစ်ဝိုက် တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ၎င်းတို့ အခြေပြုစခန်းအပါအဝင် အလောင်းနှင့် လက်နက် ခဲယမ်း အချို့သာ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံထားသူများ၏ သဲလွန်စများရရှိခဲ့ခြင်း မရှိ ကြောင်းသိရသည်။

ဆက်လက်၍ ဖမ်းဆီးခံရသူများ ပြန်လည် ကယ်တင်နိုင်ရေးနယ်မြေအတွင်းရှိ အမာခံသတင်းပေးများဖြင့်စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများ ချုပ်နှောင်ထား သည့် အကြမ်းဖက် စခန်း၏ တည်နေရာ ထပ်မံဖော်ထုတ်ရရှိသဖြင့် ကွန်မန်ဒို အဖွဲ့ဖြင့်ထပ်မံ စီးနင်း ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်တွင် ဖမ်းဆီးခံရသည့် အရာရှိဇနီးအပါအဝင် ၎င်းတို့ ဖမ်းဆီးချုပ်နှောင်ထားသည့်အပြစ်မဲ့ အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၅ ဦး အား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ပြန်လည် ကယ်တင်နိုင်ခဲ့သူများတွင် ခရီးသွားစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၂၂ ရက်တို့တွင် ဇီးဖြူကုန်း ကျေးရွာ အိမ်ခြေတစ်ရာကျော်အား အကြမ်းဖက်အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် တောအတွင်း ထွက်ပြေးနေစဉ်ဖမ်းဆီးခံရသူများ၊ တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင် အချို့၊  အသက်၂ နှစ်အရွယ်နှင့်အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ပါဝင်ပြီး အချို့သည် ၇ လမှ တစ်နှစ်နီးပါးခန့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

          ထိုသို့ကယ်ထုတ်ရာတွင်  ကွန်မန်ဒိုတပ်ဖွဲ့နှင့် KIA နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများဖြင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ အကြမ်းဖက် သမားအလောင်းအချို့နှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ သည်။ ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ဖမ်းဆီးထားသူများထားရှိရာအဆောက်အဦအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (/၂၀၂၂) သို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၅

               မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင်‌ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။

              အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊   အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ် များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အတွင်းရေးမှူး၊ မသန်စွမ်း အဖွဲ့အစည်းများမှကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

              ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမျိုးသားကော်မတီအစည်းအဝေး များကို တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပခဲ့ရာ ယခုအစည်း အဝေးသည် ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း။ ယခုအချိန်ကာလသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကပ် ရောဂါနှင့် ရင်ဆိုင်ရဆဲဖြစ်ပြီး အောင်မြင်စွာဖြတ်ကျော် လျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ထားရှိကြောင်း၊ အမျိုးသားကော်မတီ၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်း ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအရင်းမပျောက် မတည်ငွေကျပ် (၃)ဘီလီယံကို တိုးပွားအောင် ဆောင်ရွက်ပြီးမသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေး နိုင်ရေးဆောင်ရွက်ခြင်းစသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။

              မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ကိုမြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၊အာဆီယံမဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၂၅ တို့နှင့်အညီ ရေးဆွဲခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင်မိတ်ဆက်ဖြန့်ချိပြီးဖြစ်ကြောင်း၊  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများ အလိုက်လုပ်ငန်းစီမံချက်များရေးဆွဲပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်နှင့် လုပ်ငန်းစဉ်များတွင်အသုံးစရိတ်များကျခံသုံးစွဲနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေး နှစ်တွင်ထည့်သွင်းလျာထားပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ပြတောင်းခံ  သွားကြရန်ဖြစ်ကြောင်း။

              မသန်စွမ်းသူများ၏အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေး၊ တရားမျှတမှုရ ရှိပိုင်ခွင့်၊ သုတေသနနှင့် စောင့်ကြည့်အကဲဖြတ် စသည်ဖြင့် ဆပ်ကော်မတီ(၉)ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၂၅

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ မိုးကြိုးကျေးရွာနေ အောင်မင်း(ခ) မြဌေးသည် ၎င်းအသုံးပြုသည့် “U Aung Min” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ (၂)ရပ်ကွက်နေ ဟန်သိန်း (ခ) ဦးမိုးသည် ၎င်းအသုံးပြုသည့် “Han Thein” Facebook အကောင့်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာနေသူများဖြစ်သည့် ဇော်မင်းဦး(ခ) အာဒန်နှင့်  ခင်လတ်ထွေး တို့ ၂ ဦးသည် ၎င်းတို့အသုံးပြုသည့် “Zaw Min Oo” Facebook အကောင့်နှင့် “Lone May Lay” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၅၅ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၁၈ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်ခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ဒေသခံပြည်သူ ၁၅၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား  PDF အမည်ခံအကြမ်းဖက်အဖွဲ့က ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် တစ်စီးအသုံးပြုကာ Drop Bomb များဖြင့် တိုက်ခိုက် ခဲ့ကြောင်းသိရှိရသည်။