news

          ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ကျေးရွာအုပ်စု၊ ကဒစ်ကျေးရွာ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာနှင့် တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာအုပ်စု၊ စပါးကိုင်းကျေးရွာတို့၌ အောက်တိုဘာလ ၉ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူ များအား ရေဘေးကင်းလွတ်သည့်နေရာများနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ မော်တော်ယာဉ်များသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

          တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊  နယ်မြေခံဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ မိုးကောင်း သန္တကာမီသီလရှင်ကျောင်းနှင့် နမ့်လန်မြို့ရှိ မဟာမြတ်မုနိဘုရားကြီး ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် ၄၅ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၀၆ ပါးတို့ကို လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ စာသင်သား သံဃာတော် ၁၃၃ ပါးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကု သရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၇ ဦးတို့ကို လည်း ကောင်း သတ်မှတ်နေရာအသီးသီး၌ လိုအပ်သည့်ကျန်းမာရေးစစ် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)  မိုးမြင့်ထွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊  ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည်ဆိုင်ရာ မူဝါဒနှင့် အခြားစီးပွားရေး