ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ် စိန်ပြောင်းများဖြင့် ဆင်ခြင်တုံ တရားမဲ့စွာ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး နှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။