news

 (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၁ ဦး နှင့် တတိယအဆင့် ၄ ဦး၊ စုစုပေါင်း ၅ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်း ဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။

ယနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ရဲဘော်တို့

            ဒီနေ့ဟာ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ တို့မြန်မာ့တပ်မတော်ရဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်တယ်။ ဒီ(၇၈)နှစ်တာကာလအတွင်းမှာ တပ်မတော်ဟာ ပြည်သူနဲ့အတူ လက်တွဲပြီး လွတ်လပ်ရေးအရယူပေးခဲ့တဲ့အပြင် ရရှိပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးစေဖို့ အတွက် နိုင်ငံ့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်ခဲ့တာကြောင့် ယခုနှစ်အတွင်းမှာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် သမိုင်းမော်ကွန်းသစ် ရေးထိုးနိုင်ခဲ့တယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ  (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့်   အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်

နေပြည်တော် မတ် ၂၆

 ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင်တက်ရောက်ကြ မည် ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင်လုပ်သား ၃ ဦးအား ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရတနာရေနံစင်အထောက်အကူပြုရေယာဉ်မှ ကယ်ဆယ်ပေးခဲ့ပြီး ယနေ့ညနေ ၃ နာရီခန့်တွင် စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင် ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်။

          KKO(ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း   တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သော ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကုန်သွယ်ရေးဇုန် ၏ အနောက်ဘက် မီတာ

          ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများ အား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ က မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် ကုန်သွယ် ရေးဇုန် အဆောက်အဦနှင့် X-Ray စက်တို့ ပျက်စီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

          (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်း ဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလား အမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ်နှင့် အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ် ဖိတ်ခေါ်စက်ဘီးစီး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ကျူံး၏ အရှေ့မြောက်ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။