နေပြည်တော်၊ မတ် - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှုဆောင် ရွက်လျက်ရှိရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့က မင်းမဲ့စရိုက် ဆန်သောလူအုပ်စု (ဗညမေခ့ပ သြဘ) အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များ ကို ဆောင်ရွက်လျက်ရှိသည်။





















