news

 

နေပြည်တော်၊ ဇွန် -

                 နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊  ဇွန် လ  ၉ ရက်

၁။           ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄၉ မြို့နယ်၏  မဲစာရင်းများနှင့် မဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

 

နေပြည်တော်၊ ဇွန် ၉

            ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ညီညွှတ်ရေးပါတီဝင် အမျိုးသမီး ၁ ဦးအား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၉

            မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် သင်တန်းတက်ရောက်ရန် စေလွှတ်ပေးသူ ၂ ဦးတို့ အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇွန် ၉

            တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ ဇွန် - ၈

         ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အချို့၏ နယ်မြေများသို့ သွားရောက်ဖောက်ခွဲရေး သင်တန်းတက်ရောက်မည့် အကြမ်းဖက်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၈
    ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေ ရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်ပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၈              

             မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများထံမှ ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များလုပ်ဆောင်ရန် ကြိုးစားနေသူများအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ  ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း